Sunday, April 7, 2013

နှစ်ဖက်မြင် အတွေး


အကောင်းဆုံး အဖြေတစ်ခုကို ထုတ်ဖို့ အဖက်ဖက်က ရှုမြင်သုံးသပ်ဖို့လိုတယ်။
ဘက် နှစ်ဘက် ရှိလာရင်ကို ဂိုဏ်းနှစ်ဂိုဏ်းကွဲကြတာ ထုံးစံလို ဖြစ်နေပါပြီ။
နှစ်ဘက် မျှမမြင်နိုင်သူတွေ ရဲ့အားနည်းချက်က နှစ်ဘက်စလုံးကို နားလည်နိုင်ခြင်းမရှိလို့ ၊
နှစ်ဘက်စလုံးကို နားလည်ချင်စိတ် မရှိဘူးဆိုတာ အကြောင်းနဲ့ အကျိုးဆီလျော်မှုကို လက်မခံနိုင်ခြင်းပါပဲ။

မိမိရဲ့ ဆန့်ကျင်ဘက် အမြင်ကို နားလည်ဖို့ ဆိုတာ သည်းညည်းခံပြီး အချိန်နည်းနည်းပေးဖို့ လိုတယ်။
အတန်းပညာတွေ ဘယ်လောက်တတ်နေပါစေ အကြောင်းကြောင့်အကျိုးဖြစ်တာကို လက်ခံနိုင်ခြင်းမရှိရင် ကြက်တူရွေး စာသင်ပေးတဲ့ သဘောပဲပေါ့ ။


ဘက်နှစ်ဘက်ကိုတောင် ညှိနှိုင်းနိုင်ခြင်းမရှိရင် အဖက်ဖက်က ရှုမြင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် အကောင်းဆုံးအဖြေလည်းရလာမှာ မဟုတ်ဘူးပေါ့ ။


www.humanofvoice.blogspot.com

0 comments:

Post a Comment