Tuesday, April 9, 2013

ကိုယ်နှင့် မဆိုင်သလို


ပထမ. . . သူတို့
သမ္မတကြီးကို မကောင်းရေးတယ်။

ကျုပ် . . ဘာမှ တုန့်ပြန်ရေးသားတာ မလုပ်ခဲ့ဘူး။ ကျုပ်က သမ္မတမှ. . . . မဟုတ်တာ။
 နောက်တော့. . . သူတို့
ကာချုပ်ကို မထိတထိရေးတယ်။

ကျုပ်. . . .ဘာမှ တုန့်ပြန်ရေးသားတာ မလုပ်ခဲ့ဘူး။ ကျုပ်က ကာချုပ်မှ . . . မဟုတ်တာ။
အဲဒီနောက်. . . . သူတို့
လွှတ်တော်ထဲက စစ်ဗိုလ်အမတ်တွေကို ရှုံ့ချရေးတယ်။

ကျုပ်. . . .ဘာမှ တုန့်ပြန်ရေးသားတာ မလုပ်ခဲ့ဘူး။
ကျုပ်က တပ်မတော်သား လွှတ်တော်အမတ်မှ . . . မဟုတ်တာ။
 နောက်တော့. . . . .
ကျုပ်ကို... စွပ်စွဲရေးကြပြီ. . . .။

ကျုပ်အတွက်. . . . တုန့်ပြန်ရေးသားပေးမယ့်လူ....
တစ်ယောက်မှ မရှိတော့ပါလား။ ။


သူတို့ရေးထားတာတွေက မှန်ချင်မှမှန်လိမ့်မည်။ တုန့်ပြန်ရေးသားဖြေရှင်းထားခြင်း မရှိသည့်အတွက် အမှားကြာလျှင် အမှန်ဖြစ်သွားမည်။
 တဖက်သက် ဘက်လိုက် ရေးသား ပြောဆိုမှုများကို မတုန့်ပြန်ခြင်း (သို့) လစ်လျူရှုခြင်း (သို့) ကြားနေခြင်း သည်  တဖက်သက် ဘက်လိုက် ပြောဆိုရေးသားမှုကို အားပေး ခြင်းပင်ဖြစ်သည်။
ကိုယ်နှင့် မဆိုင်သေး.. ဟု ထင်ကာ ပါးစပ်ပိတ် မနေပါနှင့်။ ဖတ်ပါ။ ပြောပါ။ ထောက်ပြပါ၊ ဆွေးနွေးပါ။ ရေးသားပါ။ ကိုယ်နဲ့မဆိုင် ဟု သဘောထားပါ.. ကိုယ့် အလှည့် ရောက်လျှင်လည်း မည်သူမှ ဆိုင်မည် မဟုတ်ပေ။..။


www.humanofvoice.blogspot.com

Sunday, April 7, 2013

နှစ်ဖက်မြင် အတွေး


အကောင်းဆုံး အဖြေတစ်ခုကို ထုတ်ဖို့ အဖက်ဖက်က ရှုမြင်သုံးသပ်ဖို့လိုတယ်။
ဘက် နှစ်ဘက် ရှိလာရင်ကို ဂိုဏ်းနှစ်ဂိုဏ်းကွဲကြတာ ထုံးစံလို ဖြစ်နေပါပြီ။
နှစ်ဘက် မျှမမြင်နိုင်သူတွေ ရဲ့အားနည်းချက်က နှစ်ဘက်စလုံးကို နားလည်နိုင်ခြင်းမရှိလို့ ၊
နှစ်ဘက်စလုံးကို နားလည်ချင်စိတ် မရှိဘူးဆိုတာ အကြောင်းနဲ့ အကျိုးဆီလျော်မှုကို လက်မခံနိုင်ခြင်းပါပဲ။

မိမိရဲ့ ဆန့်ကျင်ဘက် အမြင်ကို နားလည်ဖို့ ဆိုတာ သည်းညည်းခံပြီး အချိန်နည်းနည်းပေးဖို့ လိုတယ်။
အတန်းပညာတွေ ဘယ်လောက်တတ်နေပါစေ အကြောင်းကြောင့်အကျိုးဖြစ်တာကို လက်ခံနိုင်ခြင်းမရှိရင် ကြက်တူရွေး စာသင်ပေးတဲ့ သဘောပဲပေါ့ ။


ဘက်နှစ်ဘက်ကိုတောင် ညှိနှိုင်းနိုင်ခြင်းမရှိရင် အဖက်ဖက်က ရှုမြင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် အကောင်းဆုံးအဖြေလည်းရလာမှာ မဟုတ်ဘူးပေါ့ ။


www.humanofvoice.blogspot.com